မျော်လင့်ချက်၊ ယုံကြည်ချက်တွေ၊ စိတ်ကူးအိမ်မက်တွေကို ဘယ်အရာကိစ္စအ တွက်နဲ့မှ မပျောက်ပျက်မဆုံးရှုံးစေနဲ့။
ကိုယ့်အတွက် ရန်မှန်းချက်ပန်းတိုင်ကို ကိုယ်တိုင်ရွေးချယ်ပါ။ ပန်တိးုင်သို့သွားရာ လမ်းကြောင်းကို ကိုယ့်ခေါင်းထဲထင်နေရှင်းနေအောင် ရေးဆွဲမှတ်သားပါ။
အောင်မြင်တယ်၊ မအောင်မြင်ဘူးဆိုတာတွေ အသာဘေးဖယ်ထား။ ကိုယ့်လုပ်စ ရာရှိတာကို အကောင်းဆုံးလုပ်နိုင်အောင်ကြိုးစား။
ဘ၀မှာကြုံရတဲ့ခလုတ်ကန်သင်းတွေကို ကိုယ့်ဘ၀တိုးတက်အောင် မြှင့်တင်ပေး မဲ့လှေကားထစ်တွေအဖြစ် ပြောင်းလဲပစ်နိုင်ရမယ်။ ခလုတ်တိုက်မိတဲ့ ကျောက်ခဲ့ ကို ခြေနင်းတုံးအဖြစ် အသုံးပြုတက်ရမယ်။
ဘယ်အခါမျိုးမဆို ကိုယ့်ဆီက အကောင်းဆုံးပေးနိုင်အောင် ကြိုးစားရမယ်။
ရှေ့ဆက်တိုးရခက်နေတယ်ဆိုရင် တစ်ခုတည်းနဲ့တော့ နောက်ဆုတ်လို့မဖြစ် ဘူး။
မင်းကိုယ်တိုင်ကလွဲပြီး ဘယ်သူမှ မင်းကို ဒုက္ခမပေးနိုင်ဘူး။ မင်းရဲမှာ အာဃာတ တွေ သိမ်များနေတယ်။ ဒါတွေကို မင်းမထိန်းချုပ်နိုင်ရင် မင်းမှာအန္တရာယ်ဖြစ် မယ်။
ရင်ထဲမှာ ဒေါသသအာဃာတတွေရှိနေတဲ့လူဟာ အပြင်မှာ ချမ်းသာသုခ ရှာတွေ့နိုင်ပါ့မလား။
အောင်မြင်ရေးအတွက် အဓိကသော့ချက်က ဆုံးဖြတ်ချက်တွေ အလျင်စလို မချမိအောင် ထိန်းနိုငခြင်းပဲ၊ ပြဿနာတစ်ခုကြုံရင် ပထမဆုံး သေသေချာချာ စဉ်းစားပြီး ပြီးတော့မှ စိတ်တည်တည်ငြိမ်ငြိမ်နဲ့ ဆုံးဖြတ်ချက်ချ။
လောကကြီးမှာ လွယ်ကူတဲ့အလုပ်ရယ်လို့မရှိပါဘူး အားလုံးခက်တာချည်းပဲ။ လူ့ဘ၀ကြီးဆိုတာလည်း ဒီအတိုင်းပဲ မဟုတ်လား။ အဲ့ဒီတော့ ကိုယ်ကိုတက် တယ် တော်တယ် အထင်ခံရရုံ သက်သက်အတွက် ကျွန်တော်တို့မှာရှိတဲ့ စွမ်းအားတွေ အရည်အသွေးတွေအားလုံး သူများကို တိုက်ခိုက်ဖြိုဖျက်တဲ့အလုပ် ထဲမှာ ပုံအောမယ်အစား တစ်ယောက်ကိုတစ်ယောက် အကောင်းဆုံးအနေအ ထားရောက်အောင် မြှင့်တင်တဲ့အလုပ်၊ အားပေးကူညီတဲ့အလုပ်ဘက်မှာ သုံးကြရင် ပိုမကောင်းဘူးလား။
လူ့ဘ၀မှာလည်း နေပျော်ဖို့ရာ လွယ်ပါတယ်။ တန်ဖိုးထားတတ်၊ ကိုယ်ချင်းစာတတ်၊ ကရုဏာထားတတ်၊ ကူညီတတ်၊ ကျေးဇူးသိတတ်၊ တင်းတိမ်ရောင့်ရဲတတ်၊ ချစ်ခင်တတ်ဖို့ပဲ လိုတယ်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment